ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နဲ့ အစိုးရစစ်တပ်တို့ဟာ ပြီးခဲ့တဲ့
၂၀၁၁ခုနှစ် ဇွန်လ ၉ ရက်နေ့က စပြီး နှစ်ဘက်အပစ်အခတ်တွေ စတင်ခဲ့ကြပါတယ်။
နှစ်ဖက်အပစ်အခတ်တွေ စတင်ခဲ့ပြီး နှစ်ပတ်အတွင်း ဇွန်လ ၁၆ ရက်နေ့မှာ
အစိုးရရဲ့ပြည်နယ်တည်ငြိမ်အေးချမ်းမှု ညှိုနှိုင်းရေးအဖွဲ့နဲ့ KIO
ညှိုနှိုင်းရေး အဖွဲ့တို့ဟာ ညှိုနှိုင်း ဆွေးနွေးတာတွေ တစ်ဖက်နှင့်တစ်ဖက်
ညှိုနှိုင်းအကြောင်းကြားစာ ပေးပို့ဆက်သွယ်တာ တွေလုပ်ခဲ့ကြပါတယ်။
ဒီလိုမျိုးညှိုနှိုင်းတာတွေ စာပို့ဆက်သွယ်တာတွေဟာ တစ်ကြိမ်တည်းနဲ့တော့ အဆင်
မပြေနိုင်ပါဘူး။ ဒါကြောင့် ညှိုနှိုင်းဆွေးနွေးတာတွေ စာပို့ဆက်သွယ်တာတွေကို
အကြိမ်ကြိမ် ဆက်သွယ်ခဲ့ကြ ပေမဲ့လည်း အောင်မြင်မှု မရရှိဘဲ
ကျွန်တော်တို့ကချင်ပြည်နယ်ကြီးဟာ ယမ်းခိုးယမ်းငွေ့ တွေနဲ့
ဆူညံလာခဲ့ရပါတယ်။
တိုက်ပွဲတွေကြောင့် ကချင်တိုင်းရင်းသားတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေလည်း
ရပ်ဆိုင်းခဲ့ရပါတယ် တောင်ယာ လုပ်ငန်းတွေလည်း မလုပ်နိုင်တော့ဘူး
ကုန်ရောင်းကုန်ဝယ်လုပ်နေတဲ့ ကုန်သည်တွေလည်း မသွားရဲ မလာရဲ
ဖြစ်ခဲ့ကြပြန်ပါတယ်။ အန္တရာယ်ကြားက ရှာဖွေထားတဲ့ ပိုက်ဆံလေးတွေလည်း
ကေအိုင်အေရဲ့ စစ်ရေး ရံပုံငွေဆိုတာကို ပေးလိုက်ရပြန်ပါတယ်။
အပူပင်ကင်းကင်းနဲ့ အေးဆေးစွာ နေလာခဲ့ကြတဲ့ ကချင်ပြည်သူ တွေဟာ
ရုတ်တရတ်ဖြစ်ပေါ်ပြောင်းလဲလာခဲ့တဲ့ အပြောင်းအလဲ ကြောင့် ကချင်ပြည်သူတွေဟာ
မလုပ်တတ် မနေတတ်တော့ဘဲ နေ့ချင်းညချင်း ဒုက္ခသည် အဖြစ်သို့ ရောက်ရှိ
ကုန်ကြပါတယ်။
KIA ကတော့ စစ်တိုက်ရတဲ့အလုပ်တခုပိုလာတယ်လို့ ဆိုနိုင်ပေမဲ့
အဲဒီစစ်ပွဲကြောင့် စစ်ရေးရံပုံငွေလို့ခေါ်တဲ့ ဆက်ကြေးတွေကို
အရင်ကထက်တိုးပြီး ကောက်ခံလာနိုင်ပါတယ်။ ကေအိုင်အို ကေအိုင်အေအတွက် တိုက်ပွဲ
တွေဖြစ်လာတော့ ၀င်ငွေတိုးပွားရေးလုပ်ငန်း တစ်ခုတိုးလာသလိုဖြစ်ခဲ့ရပါတယ်။
အစိုးရတပ်တွေ မလာ နိုင်အောင်ဆိုပြီး အရင်တုန်းက အေးချမ်းမှုနဲ့အတူ
အချိန်မရွေးဖြတ်သန်းသွားလာနိုင်တဲ့ တံတားတွေကို KIA ကဖျက်ဆီး ခဲ့တဲ့အတွက်
ပျက်စီးခဲ့ရပါတယ်။ လမ်းတွေမှာ လွတ်လွတ်လပ်လပ်သွား လာခဲ့ကြတဲ့ ကချင်
ပြည်သားတွေရဲ့ ခြေလှမ်းတွေကိုလည်း KIA မှကြောက်ရွံ့ထိတ်လန့်မှုတွေနဲ့
တုံ့ဆိုင်းအောင် လုပ်နိုင်ခဲ့ကြ ပါတယ်။
ကေအိုင်အေ ဖောက်ခွဲဖျက်ဆီးမှုကြောင့် ပျက်စီးနေသော
တံတားတစ်စင်း
အပစ်အခတ်စတင်ခဲ့တဲ့အချိန်မှာ အစိုးရနဲ့KIAဟာ အပစ်အခတ်ရပ်စဲရေးနဲ့
ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲ တွေကို
စတင်ကမ်းလှမ်းဆွေးနွေးခဲ့ပေမဲ့လည်း မအောင်မြင်ခဲ့တာကြောင့် နောက်ပိုင်းမှာ
ကချင်ပြည်နယ် အတွင်း ယမ်းခိုးယမ်းငွေ့တွေနဲ့ ဆူညံလာခဲ့ရပြီး
နေ့စဉ်လိုလိုတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ ရပါတယ်။ တိုက်ပွဲတွေကြောင့်
နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေဟာ တိုးလာခဲ့ပြီး ကျွန်တော်တို့ကချင်လူထုဟာလည်း
တစ်သက်လုံးနေထိုင်ခဲ့ကြတဲ့ အိမ်ကိုပစ်ပြီး ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်ဖြစ်
သွားခဲ့ရကြပါတယ်။
အရင်ကစစ်ရေးရံပုံငွေဆိုတဲ့ ဆက်ကြေးမပေးရဘဲ အပစ်အခတ်ဖြစ်ပွားတဲ့အချိန်မှာ
စစ်ရေးရံပုံငွေ မပေးနိုင်လို့ မီးရှို့ခံရတဲ့ ရွာတွေလည်း ရှိလာခဲ့ပါတယ်။
ဒီလိုမျိုးအဖြစ်အပျက်တွေကြောင့် ကချင်လူထုက KIA ကို အကြမ်း ဖက်
အဖွဲ့အဖြစ်မြင်လာတာကို ကချင်လူမျိုးကောင်းစားရေးနှင့် တိုင်းရင်းသားတွေ
တန်းတူညီတူ အခွင့်အရေး ရှိရေးအတွက် တိုက်ပွဲဝင်နေရတာပါဆိုတဲ့
စကားလုံးတွေနဲ့ကချင်လူထုကို KIO/KIA ခေါင်းဆောင်များက လှည့်စားခဲ့ပြန်
ပါတယ်။ သွေးပူနေတဲ့အချိန်မှာတော့ မှန်ကောင်း မှန်နိုင်ပါတယ်
အချိန်ကြာလာပြီး သွေးအေး လာတဲ့အချိန်အထိ ကေအိုင်အေရဲ့လုပ်ရပ်များဟာ
ဘယ်လိုမှ ထူးခြားမလာရင်တော့ မျှော်လင့်ချက်တွေနဲ့ ဒုက္ခခံနေရတဲ့
တိုင်းရင်းသားများအဖို့ မေးစရာမေးခွန်းတွေ ရှိလာနိုင်ပါတယ်။
၂၀၁၂ ခုနှစ်မြင်ကွင်းကို ကျွန်တော်တို့ကြည့်မယ်ဆိုရင်
အစိုးရရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတိုင်း တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ KNU အဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေဟာ
အောင်မြင်လာ ခဲ့တယ်ဆိုတာ အားလုံး သိမြင် နိုင်ပါတယ်။ KNU
တစ်ဖွဲ့တည်းမဟုတ်ပါဘူး SSA/SSPP ဆိုတဲ့ ရှမ်း တိုင်းရင်းသားအဖွဲ့နဲ့လည်း
ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးနိုင်ခဲ့တာကိုလည်း တွေ့မြင်ကြားသိနေရပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးတာတွေ အောင်မြင်လာတဲ့အတွက် အဲဒီဒေသမှာ
သေနတ်သံတွေစဲသွားခဲ့ပြီး တိုင်းရင်းသားတွေလည်း ကိုယ့်စီးပွားကို
အေးဆေးစွာနဲ့ရောင်းဝယ် ဖောက်ကားနိုင်ကြပြီဆိုတာကိုလည်း မြင်တွေ့နေရပါပြီ။
၂၀၁၂ ခုနှစ်ဇန်န၀ါရီလ ၁၈ ရက်နေ့မှာ အစိုးရရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး
ကိုယ်စားလှယ်အဖွဲ့နဲ့ KIA ရဲ့ငြိမ်းချမ်းရေးဆွေးနွေးရေး
ကိုယ်စားလှယ်အဖွဲ့တို့ဟာငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြပေမဲ့အေးအေးဆေးဆေး
ကိုယ့်အိမ်ကိုပြန်ပြီး လွတ်လပ်စွာသွားလာလှုပ်ရှားစီးပွားရှာလိုတဲ့
ကျွန်တော်တို့ကချင်လူထုရဲ့ ဆန္ဒကို KIA က မဖြည့်ဆည်းနိုင်ခဲ့ပါဘူး။ “ကျွန်တော်တို့ကချင်ပြည်နယ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဘာကြောင့် မအောင်မြင်ရတာလဲ?”
အစိုးရငြိမ်းချမ်းရေးအဖွဲ့ဟာ တခြားလက်နက်ကိုင်အဖွဲ့တွေနဲ့
ဆွေးနွေးတဲ့အချိန်မှာ အဆင်ပြေအောင်မြင် ခဲ့ကြပြီး KIA နဲ့ဆွေးနွေးတာ
ဘာလို့မအောင်မြင်ရတာလဲ KIO/KIA ကဘာ့ကြောင့် အဆင်မပြေရတာလဲ၊ KIO/KIA က
ငြိမ်းချမ်းရေးရယူဖို့အတွက် တကယ်ရောဆန္ဒရှိရဲ့လား၊
အဆင်မပြေနိုင်တာဘာ့ကြောင့်လဲ၊ ငြိမ်းချမ်းရေးမရဘဲ ဒီအတိုင်းဆိုရင်
ကချင်ပြည်နယ်ကြီးဘယ်လိုဖြစ် လာနိုင်မလဲ၊ KIO/KIA အတွက်
ဘယ်လိုအကျိုးရှိလာမလဲ၊ ကချင်တိုင်းရင်းသားဒုက္ခသည်တွေ ဘယ်လိုနေထိုင်ကြမလဲ၊
တော်လှန်ရေး ဆိုတာ ဘာမှန်းမသိဘဲ အကြောက်တရားကြောင့်သာ တိုက်ပွဲဝင်နေရတဲ့
KIA စစ်သားတွေအတွက် ဘာတွေဖြစ်လာ နိုင်မှာလဲဆိုတာ
ကျွန်တော်တို့ကချင်ပြည်နယ်နဲ့ ကချင်တိုင်းရင်းသားတွေအတွက် စဉ်းစားစရာ
မေးခွန်း ထုတ်စရာတွေ ဖြစ်လာ ပြီဆိုတာတော့ သေချာနေပါတယ်။
၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့ကစပြီးယနေ့အထိ ရှစ်လအတွင်းမှာ ကေအိုင်အေက
ကချင်ပြည်နယ်ကြီး ဖြစ်ပျက် ပြောင်းလဲပေးခဲ့တာလေးတွေနဲ့ KIA
အဖွဲ့ရဲ့တိုးတတ်မှုတွေဟာ ဘယ်လိုအခြေအနေ ဘယ်လိုပုံစံ ဖြစ်နေပြီ ဆိုတာလေးကို
ကျွန်တော်တို့ ပြန်လည်ဆန်းစစ်ဖို့ လိုအပ်လာပါပြီ။
အပစ်အခတ်စတင်ခဲ့တဲ့ ရှစ်လဆိုတဲ့အချိန်လေးအတွင်းမှာ ကချင်ပြည်နယ်ကြီးကို
ကေအိုင်အေကနေ ပြောင်းလဲပေးလိုက်တာတွေဟာဆိုရင်
တံတားတွေကိုဗုံးခွဲဖျက်ဆီးခဲ့တာ ၁၂၃ ကြိမ်၊ ကားလမ်းဗုံးကွဲ ဖျက်ဆီး ခဲ့တာ
၁၈ ကြိမ်၊ ရထားလမ်းဗုံးခွဲဖျက်ဆီးခဲ့တာ ၂၅ ကြိမ်၊
ကားဗုံးခွဲတိုက်ခိုက်ခဲ့တာ ၂၁ ကြိမ်၊ မြို့ပေါ် အဆောက်အအုံ
ဗုံးခွဲဖျက်ဆီးခဲ့တာ ၂၀ ကြိမ်၊ အိမ်တွေရွာတွေကိုမီးရှို့ဖျက်ဆီးခဲ့တာ ၈
ကြိမ် လုပ်ခဲ့ကြပါတယ်။
ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားတွေကိုလည်း
ပြောင်းလဲပေးလိုက်ပါတယ်။ ကေအိုင်အေ အဖွဲ့ရဲ့ အပြစ်မရှိဘဲ
စွတ်စွဲသတ်ဖြတ်ခံခဲ့ရသူများနှင့် ၀မ်းရေးအတွက်သွားလာလုပ်ရှားရင်း
ကေအိုင်အေရဲ့ မိုင်းထိခဲ့ပြီး သေဆုံးခဲ့သူကတော့ ၄၅ ယောက်၊
ဒုက္ခိတဘ၀နဲ့ဒဏ်ရာရရှိခဲ့သူကတော့ ၈၃ ယောက်ထိ ရှိနေပါပြီ။ လူသတ် တယ်ဆိုတာတော့
KIA အတွက်အထူးအဆန်းမဟုတ်ဘူးဆိုတာလေးလည်း နည်းနည်း လောက် ပြောပြပါ့မယ်။
အခုလက်ရှိ ကေအိုင်အေမှာ စစ်ဦးစီးချုပ်လုပ်နေတဲ့ ဗိုလ်ချုပ်ဂမ်ရှောင်ဟာ
သူတပ်ရင်း(၆)မှာ တပ်ရင်းမှုး လုပ်ခဲ့တုန်းက
စပေါ့ချောင်းမှော်မှာသွေးချောင်းစီးထဲ့အထိ လူသတ်ပြခဲ့တာ ကို
ကျွန်တော်တို့ကချင်လူမျိုးအား လုံးသိပါတယ်။ ကချင်ပြည်နယ်သမိုင်းမှာ
ဘယ်လိုမှ ဖျောက်ဖျက်လို့မရတဲ့ လူသတ်ပွဲဖြစ်ခဲ့ပြီး လူပေါင်း ၁၀၀ လောက်ကို
အကြောင်းအမျိုးမျိုးနဲ့ စွဲချက်တင်ပြီး သတ်ခဲ့တာပါ။ လူ ၁၀၀
လောက်လဲအသတ်ခံရပြီးတဲ့အချိန်မှာ စပေါ့ ချောင်းဟာ သွေးချောင်းစီးခဲ့တာကို
သီချင်းတောင်လုပ်ပြီးဆိုခဲ့ကြတာ မှတ်မိကြဦးမှာပါ။
ကချင်ပြည်နယ်ကောင်းစားရေးဆိုတဲ့ အကြောင်းပြချက်နဲ့ KIA လူစုဆောင်းခဲ့တာ
ရှစ်လအတွင်းမှာ ကေအိုင်အေ စစ်မှုထမ်းအသစ် ၄၃၂ ယောက်ရရှိခဲ့ပါပြီ။
ဒီအချက်အလက်တွေဟာ သတင်းဌာနတွေက ဖော်ပြ လာတဲ့သတင်းတွေကို စုဆောင်းထားပြီး
ကချင်တိုင်းရင်းသားအရေးအတွက် သေချာလေ့လာ ပြုစုထား တာပါ။ သတင်းဌာနတွေ
မသိနိုင်မမြင်နိုင်တဲ့ အဖြစ်အပျက်တွေ တိုင်းရင်းသားတွေမသိခဲ့ မမြင်ခဲ့တဲ့
အဖြစ်အပျက်တွေ အကြောင်းအရာတွေလည်း ရှိနေနိုင်ပါသေးတယ်။
အပစ်အခတ်တွေမစတင်ခင် အချိန်ကတည်းက KIA ဆိုတာစီးပွားရေးကောင်းမွန်တဲ့
အဖွဲ့အစည်းတစ်ခုပါ၊ အစိုးရနဲ့အပစ်အခတ်တွေ စတင်ခဲ့တဲ့အချိန်မှာလည်း
စီးပွားရေးကောင်းမွန်နေတုန်းပါဘဲ ပိုပြီးဆင်ပြေလာ ခဲ့ပါတယ်။
ဖားကန့်လိုကျောက်စိမ်းထွက်တဲ့ နေရာတွေကို တိုက်ပွဲဖြစ်နေတဲ့အတွက်
စစ်ရေးရံပုံငွေဆိုတဲ့ ဆက်ကြေးကို အရင်ကထက်ပိုပြီးတိုးကောက်လာနိုင်ပါတယ်။
ကချင်ပြည်နယ်အတွင်းက မြို့ပေါ်ရော ရွာတွေ ကရော ဈေးဆိုင်တွေအိမ်တွေ
တစ်ခုမှမကျန်အောင် လစဉ်စစ်ရေးရံပုံငွေဆိုတဲ့ ဆက်ကြေးတွေ ကောက်ခံ ခဲ့ကြပြီး
တော်တော်လေးလည်း စုဆောင်းမိခဲ့ပါပြီ။ ဖားကန့်က ကုမ္မဏီတွေကပေးရတဲ့ ဆက်ကြေး
ပမာဏဟာ ကျပ်သိန်းပေါင်း သိန်းဂဏန်းအထိရှိကြောင်း ကြားသိရပါတယ်။
ကေအိုင်အေရဲ့ ငွေကြေးအမြောက်အမြားရှိတဲ့ ထင်ရှားတဲ့
စီးပွားရေးလုပ်ငန်းတစ်ချို့ တွေလည်း ရှိပါသေးတယ်။ ဒါ့အပြင် KIO
စီးပွားရေးတာဝန်ခံ ရှဘီတူး ဟာ တရုတ်နိုင်ငံမှ သစ်မှောင်ခို ကုန်သည်များကို
ဂျာထရွာနဲ့ အထက် မလိခရွာ မြောက်ဘက်မှ သစ်ကြမ်းလုံး ၁၆၀၀ ကျော်ကို
ရောင်းခဲ့ဖူးပါတယ်။ သစ်လုံး ၁၆၀၀ ကျော်ကို ရောင်းခဲ့တာ တရုတ်ယွမ်ငွေ
သန်းနဲ့ချီပြီးရခဲ့ပါတယ်။ KIC ရဲ့ဒုတိယဥက္ကဌဖြစ်တဲ့ ဦးအင်ဘန်လ ဟာဆိုရင်
ယွမ်သန်းပေါင်းများစွာတန်ဖိုးရှိတဲ့ ဖားကန့်မှော်ကထွက်တဲ့
ကျောက်စိမ်းတုံးကို တရုတ်နိုင်ငံမှာ ရောင်းခဲ့ပါတယ်။ တရုတ်ကုန်သည်တွေကို
ကျောက်စိမ်းလုပ်ကွက်နဲ့ သစ်ထုတ်လုပ်ခွင့် ပေးမယ်ဆိုပြီး ယွမ်သန်းပေါင်း
များစွာ ယူခဲ့ပြီး လုပ်ကိုင်ခွင့်တွေမပေးနိုင်လို့ ကုန်သည်တွေမှ
ပိုက်ဆံပြန်တောင်းခဲ့တဲ့ ပြသနာ လည်း ရှိခဲ့ဖူးပါတယ်။
KIA အဖွဲ့ပိုင်ဆိုတဲ့ ကချင်ပြည်နယ်ကထွက်တဲ့ ရွှေမှုန့် ရွှေရိုင်းတွေနဲ့
လုပ်ထားတဲ့ ရွှေချောင်း ၂၉၀ ကိုလည်း တရုတ်နိုင်ငံ
မန်ရှီးမြို့မှာရောင်းချခဲ့ပါတယ်။ ရွှေချောင်းတစ်ချောင်းဟာ ၁၀ ကျပ်သား
အလေးချိန်ရှိပြီး အားလုံးပေါင်းရွှေ ၂၉ ပိသာရှိပါတယ်။
ရွှေချောင်းရောင်းရငွေတွေဟာလည်း တရုတ်ယွမ်ငွေ သန်းပေါင်းများစွာ
ရရှိခဲ့ကြပါတယ်။
မူးယစ်ဆေးဝါးနဲ့ပက်သက်ပြီးတော့လည်း KIA ရဲ့ဝင်ငွေက တော်တော်ကောင်းပါတယ်။
လက်အောက်ခံ တပ်မဟာ တွေရဲ့နယ်မြေတွေမှာ တိုင်းရင်းသားတွေကို
ဘိန်းစိုက်ပျိုးခွင့်ပေးပြီး အခွန်ကောက်ပါတယ်။ ဘိန်းခင်းတွေကတော့
ဘိန်းရာသီမှာ တစ်ဧကကို သိန်းနှစ်ဆယ် စစ်ရေးရံပုံငွေဆိုတဲ့ ဆက်ကြေး ပေးဆောင်
ရပါတယ်။ ဘိန်းစိုက်ဧကကလည်း တပ်မဟာဧရိယာတစ်ခုမှာ ဧက ၃၀၀ ထက်မနည်းရှိပါတယ်။
အများဆုံး ကတော့ လိုင်စင်ပို့နားမှာတော့ အများဆုံးပါဘဲ။ အခုလုပ်ငန်းတွေဟာ
KIA ရဲ့ထင်ရှားပြီး ၀င်ငွေကောင်းတဲ့ စီးပွားရေးလုပ်ငန်းအချို့ဖြစ်ပါတယ်
ဒီလိုမျိုးယွမ်သန်းပေါင်းများစွာ ရရှိတဲ့လုပ်ငန်းတွေ KIA မှာအများကြီးရှိ
ပါတယ်။
တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်က ကျွန်တော်တို့တိုင်းရင်းသား
တော်တော်များများကတော့ အိုးအိမ်စွန့်ခွာ ကာ စစ်ပြေးဒုက္ခသည်ဘ၀သို့
ရောက်ရှိခဲ့ကြပါတယ်။ တိုက်ပွဲတွေစတင်ခဲ့ပြီး နှစ်လလောက်အထိ အဆင်ပြေစွာနဲ့
ထမင်းပုံမှန်စားသောက်ခဲ့ရပြီး ငြိမ်းချမ်းရေးမျှော်လင့်ချက်တွေနဲ့
နေထိုင်လာခဲ့ကြပါတယ်။ ကချင်တိုင်းရင်းသားဒုက္ခသည်တွေအတွက် Unicef ၊ UNHCR ၊
ကချင်အနုပညာရှင်များ၊ ABSDF အဖွဲ့ဝင် ဟောင်း နှင့်
ဒီမိုကရေစီလှုပ်ရှားသူများ၊ နာရေးကူညီမှု အသင်းလိုမျိုးစတဲ့
အဖွဲအစည်းတွေကလည်း ငွေကြေး အမြောက်အမြား လှူဒါန်းခဲ့ကြပါတယ်။
ဒုက္ခသည်တွေအတွက် လှူဒါန်းပေးခဲ့ပေမဲ့ ကေအိုင်အေခေါင်းဆောင်တွေဟာ KIA
ရဲ့စစ်ရေးလိုအပ်ချက် ကြောင့် ဒုက္ခသည်ရိက္ခာတွေကို ကေအိုင်အေ
ရှေ့တန်းတပ်ဖွဲ့တွေကို ပေးပို့ခဲ့ကြပါတယ်။ ဒုက္ခသည်တွေအတွက်
လှူဒါန်းခဲ့တဲ့ငွေကြေးတွေကို KIA လူကြီးများရဲ့ ကိုယ်ရေးကိုယ်တာ
အတွက်သုံးစွဲခဲ့ကြလို့ ဒုက္ခသည်များအတွက် အစားအသောက်နဲ့ ဆေးဝါးတွေ
မလုံမလောက် ဖြစ်ခဲ့ရပါတယ်။ အချိန်ကြာလာခဲ့ပြီး ရှစ်လဆိုတဲ့ အချိန်ကာလ
အတွင်းမှာဘဲ ဆန်ပြုတ်တောင် အဆင်မပြေတော့ဘဲ ဆင်းရဲဒုက္ခ ရောက်ကြရပါတယ်။
ရှစ်လဆိုတဲ့အချိန်အတွင်းမှာ ကချင်တိုင်းရင်းသားတွေဟာဒီလောက်ထိ
ဒုက္ခတွေခံစားနေခဲ့ရပါတယ်။ အစိုးရနဲ့ ငြိမ်းချမ်းရေးညှိုနှုင်းရေး
အဆင်မပြေတော့ဘဲ ဆက်ပြီးသာ အချိန်တွေကြာလာတော့မယ် ဆိုရင်တော့ ကချင်
တိုင်းရင်းသားတွေအတွက် ဆင်းရဲဒုက္ခတွေ များစွာကြုံတွေ့ရတော့မယ်ဆိုတာ
သေချာနေပါပြီ။ အချိန်ကြာလာ တာနဲ့ ကချင်တိုင်းရင်းသားတွေ
ဒုက္ခရောက်သထက်ရောက်လာပေမဲ့ ကေအိုင်အေအဖွဲ့အတွက်ကတော့ ဒီ့ထက်မကငွေကြေးတွေ
တိုးပွားရရှိလာတော့မယ်ဆိုတာလည်း ဘယ်လို မှမလွဲနိုင်တော့ပါဘူး။
အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ နယ်မြေတွေဟာ အစိုးရနဲ့
ငြိမ်းချမ်းရေးလက်မှတ် ရေးထိုး နိုင်ခဲ့ ကြတဲ့အတွက် အေးအေးချမ်းချမ်းနဲ့
ရောင်းဝယ်ဖောက်ကားနိုင်နေပါပြီ။ ဒီလိုဘဲ ကချင်ပြည်နယ် အတွင်းမှာ လည်း
အပစ်အခတ်တွေကြောင့် သွားလာမှုလမ်းကြောင်းတွေ ပိတ်နေခဲ့တဲ့ ကန်ပိုက်တီး
လမ်းကြောင်းဟာ အပစ်အခတ်မရှိတော့တာကြောင့် ပြန်ပွင့်လာတဲ့အချိန်မှာ
ပျော်ရွှင်စွာနဲ့ ရောင်းဝယ် ဖောက်ကား သွားလာ နေနိုင်ကြပါပြီ။
ကန်ပိုက်တီးလည်း နေ့ချင်းညချင်းမှာဘဲ အရင်လိုပြန်လည် စည်ကားလာခဲ့ပါတယ်။
ကေအိုင်ရဲ့ခေါင်းဆောင်ဆိုသူ ဗိုလ်ချုပ်ဂမ်ရှောင်ဟာ
ကချင်ပြည်နယ်ကောင်းစားရေးအတွက် တိုက်ပွဲဝင် နေရ တယ်ဆိုပြီး
ကြွေးကြော်နေခဲ့ပါတယ်။ ကေအိုင်အေ နဲ့အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးတာ
ဘာ့ကြောင့် အဆင် မပြေရတာလဲ KIA ကရော
ငြိမ်းချမ်းရေးအမှန်တကယ်လိုလားရဲ့လားဆိုတာ တိုင်းရင်းသားတွေက KIA အဖွဲ့ကို
မေးရမဲ့ မေးခွန်းတွေ ဖြစ်နေပါပြီ။ တိုက်ပွဲတွေကြောင့် ကေအိုင်အေက အများကြီး
အကျိုးရှိနေလို့ပါဘဲ။ တိုက်ပွဲတွေဖြစ်တော့ KIA ကစစ်ရေးရံပုံငွေဆိုတဲ့
ဆက်ကြေးတွေပိုကောက်နိုင်ပါတယ် ၊ကေအိုင်အေရဲ့ စီးပွားရေးအဆင် ပြေလာပါတယ်။
KIA က လူသစ်စုဆောင်းနိုင်ခဲ့လို့ ကေအိုင်အေရဲ့ အင်အားတိုးလာခဲ့ပါတယ်။
ကေအိုင်အေ ခေါင်းဆောင် တွေ အမြဲပြောနေတဲ့ ကချင်လူထုနဲ့
ကချင်ပြည်နယ်အတွက်ဆိုတာ ဘာလဲ။ ကချင်ပြည်နယ်က ထွက်တဲ့ ကျောက်စိမ်းတွေ
ကချင်ပြည်နယ်ကထွက်တဲ့ သစ်တွေကို ရောင်းရတဲ့ငွေတွေဟာ အမှန်တကယ်သာ
ကချင်လူမျိုးအတွက်ဆိုရင် အဲဒီငွေတွေကို ဘယ်နေရာမှာသုံးမှာလဲ အဲဒီငွေတွေ
ဘယ်ရောက်ကုန်လဲဆိုတာ မေးစရာ တစ်ခုဖြစ်လာပါတယ်။
ကျွန်တော်တို့ကချင်တိုင်းရင်းသားတွေလည်း စစ်ပွဲတွေကြောင့်ဆင်းရဲဒုက္ခ
ငတ်မွတ် နေကြရပါပြီ။
ကေအိုင်အေဟာ အပစ်အခတ်တွေကြောင့်ရလာမဲ့ စစ်ရေးရံပုံငွေ ဆက်ကြေးတွေကြောင့်
ရလာမဲ့ အကျိုးစီးပွား ကိုကြည့်မှာလား အဖက်ဖက်ကပျက်စီးနေတဲ့
ကချင်ပြည်နယ်ကြီးကို ကြည့်မှာလား ဒုက္ခဆင်းရဲခံနေရတဲ့ ကချင်
တိုင်းရင်းသားဒုက္ခသည်တွေကို ကြည့်မှာလားဆိုတာလေးမေးချင်ပါတယ်။ KIA
စစ်ပွဲတွေကြောင့်ရလာမဲ့ ကေအိုင်အေရဲ့အကျိုးစီးပွားများကို
စွန့်လွှတ်ရမှာကြောင့် ကချင်ပြည်နယ်က ကျွန်တော်တို့ကချင်လူထု အပါအ၀င်
တိုင်းရင်းသားအားလုံးရဲ့ မျှော်လင့်ထားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးကို
အဆင်မပြေနိုင်အောင် လုပ်နေမယ် ဆိုရင် ကချင်ပြည်နယ်ကြီး အေးဆေး
တည်ငြိမ်ဖို့ဆိုတာ အလှမ်းဝေးနေတော့မယ်ဆိုတာ တိုင်းရင်း သား ညီအစ်ကိုများကို
အသိပေး တင်ပြလိုက်ပါတယ်။ကချင် တို င်းရင်းသားတစ် ဦး


0 comments:
Post a Comment