စစ်မြေပြင်သို့  အလည်ရောက်ခဲ့ စဉ်က

သင်္ကြန်ပြီးဖို့  (၂)၇က်အလို ။တိတိကျကျဆိုလျင် တောင်ငူကိုေ၇ာက်တော့ မည်။သို့ သော် ဆက်သွယ်ရေး

ဖမ်းစက်အရ အင်တာမိထားသည်။လမ်းကြောင်းတွင်ချုံခိုရှိသည်တဲ့ ။ကြေးနန်းစာ အရ နောက် (၃)၇က်အ

တွင်းတပ်ကိုပြန်ရမည်ဖြစ်သည်။မရောက်လျှင်လည်း ပြဿနာတက်ဦးမည်။အိမ်ကို ခွင့် ပြန်ဖို့ နေနေသာသာ

တောင်ငူတောင် ရောက်ပါတော့ မလားမသိ။လူနာကို ထမ်းပိုးရတဲ့  ရဲဘော်ထဲ မှ တယောက်က (၃)၇က်

ဆက်တိုက်မိုးမိသောကြောင့် စဖျားသည်။သူအစား ထမ်းဖို့  လောက်လောက်ငှငှ လူမရှိ။။ပါလာသောစက်

လက်ကို ထမ်းထားသည့်  စက်လက်သမားကို ပြောရသည်။ယခု ပြန်လာသောအဖွဲ့ ထဲတွင် သူတယောက်

ထဲသာ လူကောင်ကြီးကြီးဖြစ်သည်။စက်လက်သမားက လူနာထမ်းလိုက်တော့  သူစက်လက်ကို ထမ်းမည့် သူ

လိုလာပြန်သည်။ရိက္ခာတဖက် ၊လက်နက်တဖက်နှင့် မို့  လက်နက်ပိုသာထမ်းရလျင် ထမ်းရမည့် သူမှ မစား

သာ။ကြည့် လိုက်တော့  ကင်းထောက်တယောက်နှစ်ယောက်သာ သွက်သွက်လက်လက်ရှိသည်။သူတို့ ကို

ထမ်းခိုင်းလိုက်လို့ ကတော့  ယခုလာသော တဖွဲ့ လုံးကြွပေတော့ မည်။ကျန်လူများမှာ အသက်အ၇ွယ်

ထောက်သောသူများမို့  အရာရှိဆိုပြီးမနေသာတော့။စက်လက်က သူ့ တာဝန်ဖြစ်လာသည်။

ပေးပေး ဆရာလှတင့် ကျနော်ထမ်းမယ်။အေးမောင်နဲ့  ၀င်းဇော်ကိုသာ ပွိုင့် သေချာပြေးခိုင်း လို့ သာ သူ

ပြောနိုင်တော့ သည်။ပစ္စတို ၁လက်၊အမ်အေ (၃)၊နှင် စက်လက်ကို ပါသယ်၇တော့ မရှိမဲ့ ရှိမဲ့ အ၇ပ်ကလေး

ကို သနားမိသည်။အရပ်ပုလို့ သာ ချစ်သူမရရင် ဒီရှေ့တန်းစစ်မြေပြင်ကို သူတသက် မေ့ လို ရနိုင်တော့ 

မည်မဟုတ်။မိုးတွေက ဆက်တိုက်ရွာတော့  ထမင်းလည်းချက်လို့ မရပေ။ဆန်တွေကို စစ်ထမင်းချိုင့် ထဲ

ထည့် ပြီးေ၇နှင့် နှူးရသည်။ တစ်မနက်လောက် လမ်းလျှောက်လိုက်လျှင် ဆန်ကရေနုးပြီးမို့  ပါလာသော

ဆားထုပ်နှင့် ငပိဗူးလေးကို ရောပြီးစားရသည်။အကုန်လည်းမစားရဲ သေး။နောက်နေ့ အတွက်ရိက္ခာကို ချန်

ရဦးမည်။ပေးထားသောအစားအစာများက သတ်မှတ်ထားသော ရက်ပိုင်းအတွင်းသာ။ချုံခိုရှိနေသည်ဟုဆို

သောကြောင့်  လမ်းအတိုင်းမဟုတ်ပဲ ကွေ့ ဝိုက်သွားနေသောကြောင့်  မလိုအပ်ပဲ အချိန်လည်းကြာ ။စားစ

ရာငတ်ရပြီမဟုတ်လား။

နေလည်ခဏနားတော့  ဆရာလှမြင့် ကို ခေါ်ပြီးမြေပုံထုတ်ကာ လမ်းကြောင်းရွေးသည်။အမှန်အတိုင်းဝန်ခံ

ရလျှင်ဒီနယ်မြေကို သူမသိ။ကျွမ်းလည်းမကျွမ်းကျင်။လိုအပ်သော ဆုံးဖြတ်ချက် နဲ့  အဖြစ်နိုင်ဆုံးသောလမ်း

ကြောင်းကို သာ သူ အမိန့် ပေးရမည်ဖြစ်သည်။သူရဲ့ဆုံးဖြတ်ချက် သာမမှန်ခဲ့ လျင် ပါလာသောသူများ၏

အသက်သာမက သူတို့  မိသားစုတွေ ပြန်ဆုံမဆုံခြင်းကို ပါထိခိုက်နိုင်သည်။နားနေခိုက် ရဲဘော်များကို တ

ချက် ဝှေ့ ကြည့် မိသည်။နွမ်းနယ်မှု့  များက အထင်းသား။အားကိုးတကြီးနှင့်  သူ့ ကို ကြည့် နေကျသည်။သူ့ 

ဒီမျက်ဝန်း ၊ဒီအကြည့် တွေကို ခံနိုင်ရည်မ၇ှိ။တခြားဘက်လှည့် ကာသူ့ မျက်ဝန်းကိုသူတို့ မဖတ်တတ်အောင်

ရှောင်နေမိသည်။ရှောင်နေလို့ မပြီး။ခရီးဆက်ဖို့ လုပ်ရမည်။သူ တွေးနေလို့ မှမပြီးသေး။ဗျူဟာမှကြေးနန်းဝင်

လာသည်။ချက်ချင်းဆက်ထွက်ဖို့ ပင်။မထွက်လို့ လည်းမ၇တော့ ။မနက်ဖြန်မှတောင်ငူမေ၇ာက်လျှင် အစား

ငတ်လို့ ပင်အရင်သေရတော့ မည်။

သူ့ ရဲဘော်များအား စိတ်ဓါတ်မြင့် တင်ေ၇းစကားပြောသည်။ညနေပိုင်းမှ မ၇လျင် နိုက်မု့ (night-move)ပါဆွဲမည်။( နိုက်မု့ဆိုသည်မှာ ညလုံးပေါက် မနားတမ်း ချီတက်ခြင်းဖြစ်ပါသည်)။ဖောင်ဖျက်သကဲ့ သို့ သွား

၇မည်ဖြစ်သောကြောင့်  သူအပေါ်ယုံကြည်မှု့ ထား၇ှိ၇န် ပြောကြားသည်။တညတာ ပင်ပန်းမှု အတွက် အား

တင်းဖို့  ပြောသည်။ပြီးနောက်သူမကြာခဏဖတ်နေလေ့ ၇ှိသော စာကြောင်းလေးကို ၇ွက်ပြသည်။

တိုက်တဲ့ လေမှာ အမုန်းမပါဘူး

အဆုံးမှာသစ်၇ွက်ကြွေရမည်......

စီးတဲ့ေ၇မှာ မျက်လုံးမပါဘူး

အဆုံးမှာကမ်းပါးသေရမည်.....

သွားတဲ့ ခ၇ီးမှာ ဘီးမပါလည်း

အဆုံးမှာ ပန်းတိုင်ေ၇ာက်၇မည်။(မှတ်ချက်-မူရင်းမှာ စကားလုံးမှာဓါးသွားမပါဘူး စီရင်ချက်မှာ နှလုံးကြွေရတယ်ဖြစ်သည်) ။

ဘုရားကျေးဇူးတော် ကြောင့်  မနက်(၅)နာရီရောက်တော့  တောင်ငူမြို့ စွန်ကို ရောက်သည်။ရွာထဲ မှ ဥက္ကဌကို ခေါ်ကာ လူနာအတွက် ထော်လာကျီ အကူအညီတောင်းရသည်။တောင်ငူဆေး၇ုံမှာ ခဏပို့ ပြီး

လိုအပ်သော ဆက်သွယ်ေ၇းများကို လုပ်သည်။ဗျူဟာနဲ့ ချိတ်သည်။ပြီးတော့  သူတပ်ကို ပြန်ဖို့  တောင်ငူ

ဘူတာမှာ လက်မှတ်လုပ်သည်။သူ့ မှာ ၀ယ်စ၇ာ ပိုက်ဆံမပါတော့ ။ရုံပိုင်ကို အကူအညီတောင်းရသည်။ရုံ

ပိုင်ကလည်း သဘောကောင်းပါသည်။အစတွင်တော့  သူ့ ကို စစ်ဗိုလ်မှန်းမယုံချင်။အရူးတယောက် လာ

ပြောသည်ဟုပင် ထင်နေမလား။(၄)လကြာ မရိတ်ခဲ့ သော မုတ်ဆိတ်များ က ကဗျစ်ကနစ်။ဆံပင်က ဂုတ်

ထောက်ပြီ။စစ်ဝတ်စုံကလည်း ညစ်ပတ်ပေရေနေသည်မို့ ယုံနိုင်စ၇ာလည်းအကြောင်းမရှိပေ။သက်သေပြ

စရာ မှာ ခါးတွင်ပါလာသော ပစ္စတို နှင့်  အရှည် သေနတ် ၁ လက်သာ သူ့ တွင်ပါသည်။

ရုံပိုင်ပေးသောလက်မှတ်ကြောင့် သာ သူ့ တပ်ကို ရောက်ရမည်ဖြစ်သည်။သူ့ လက်မှတ်မှတ်ထိုင်ခုံကရှာ

တော့  မိသားစုတသိုက်ရယ်။တီတီစီ ကျောင်းဆရာမလေးများအုပ်စု ကို တွေ့ ၇သည်။ဘာရယ်တော့ မ

ဟုတ်သူ့ အသက်ကလည်း (၂၀)ဆိုတော့  ရှက်စိတ်တော့ရှိသေးသည်ပေါ့။သူတို့ သုံးထားသော ရေမွေးရနံ့

များကို ရတော့ သူတို့အစားအားနာမိသည်။ကိုယ်က ရေကို (၄)လတောင်မချိုးရသေးသည်မဟုတ်လား။

တဘူတာပြီးတဘူတာေ၇ာက်တော့ ဗိုက်ကဆာလာသည်။၇ှက်လည်းမ၇ှက်နိုင်တော့  ။ဗိုက်ကို နှိပ်ပြီး ခွေ

ခွေလေး အိပ်၇သည်။သူတို့  ထမင်းစားချိန်ေ၇ာက်လျင် အိပ်ချင်ယောင်ဆောင်၇သည်။သူတို့ အိပ်လျင် ထ

နေ၇ပြီ။မျက်နှာသစ်ဖို့ တောင် ပိုက်ဆံကမ၇ှိတော့  မျက်နှာလည်းမသစ်၇ပြန်။

တရေးနိုးလာတော့  ဗိုက်ကဆာလာပြန်သည်။တပ်ကို မြန်မြန် ပြန်ရောက်ပါစေဟုသာ ဆုတောင်းနေမိ

သည်။ပဲခူးဘူတာ ရောက်တော့  ဗိုက်ကဘယ်လိုမှမခံနိုင်တော့ ။ဘေးနားက မိသားစုမှ သူ့ အဖြစ်ကို သိနေ

ဟန်တူသည်။ယောင်္ကျားကြီးမှ သူ့ အား စတီးထမင်းချိုင်လေးဖြင့်  ထမင်းလာကျွေးသည်။မတင့် တော်ဟု

စိတ်ထဲ မှ ငြင်းနေသော်လည်း လက်တွေ့ မူ သူ့ လက်များက လှမ်းပြီးသားဖြစ်နေသည်။ကျေးဇူးစကားကို

သာသူဆိုနိုင်တော့ သည်။နောက်သူ့ ကိုသူတို့ မိသားစုနားလာထိုင်ရန် နေရာ ပေးသည်။သူ့ ငြင်းသော်လည်း

မိသားစု ၏ ဖော်ရွေမှု့ကြားတွင် စကားသံ ပင် ဆွံအနေခဲ့ သည်။ထို့ နောက် အလ္လပသလ္လပ ပြော

ပြီး အချိန်အနည်းငယ်အတွင်း မှာပင် ငယ်ပေါင်းမိတ်ဆွေရင်းချာ များသို့ ပင် ခင်မင်လာခဲ့ ကြသည်။

သူ့ လေးစားသည့် စိတ်ထဲ တွင် သူ့ ကို အရာရှိစစ်ဗိုလ်ဟူသောကြောင့်  ခင်မင်ခဲ့ သည်မဟုတ်သော

ကြောင့် ပင်ဖြစ်သည်။ဘူတာပေါ်ခြေချမိသည် ဆိုသည်နှင့်  သေနတ်အရှည်ကို ပါလာသော ပုဆိုဟောင်း

ဖြင့်  ထုပ်ပါတ်ထားပြီးဖြစ်သည်။ ပစ္စတိုကို လည်း လူအများမမြင်နိုင်သောနေ၇ာတွင်သူထား ထားသည်။

ပုခုံးပေါ်တွင်လည်း အရာရှိဟု သိရှိနိုင်စရာ အကြောင်းမရှိ။ရှေ့တန်းထွက်လျှင် အဆင်တန်ဆာ ဆင်ပါက

မိမိအသက် ကို မိမိ မနှောမြောရာကျပေလိမ့် မည်။ပုံစံကလည်း ပေရေနေသည်။သို့ သော် သားရင်းချာ

ကဲ့ သို့  ဂရုစိုက်ပြီးကျွေးမွေးခဲ့ သော ထို မိသားစုကို သူ့ တသက်မေ့ နိုင်တော့ မည် မဟုတ်။သူ့ တို့ မိသား

စုလေးမှာ တော်တော်ပျော်မွေ့ စရာကောင်းသည်။အငယ်ဆုံး ကောင်လေးမှာ (၅)တန်းလောက်ပင်ရှိပေ

လိမ့် ဦးမည်။တော်တော်လေး လိမ်မာယဉ်ကျေးသည်။သူ့ ထက် ၄နှစ်ခန့် ကြီးသည့်  အမတယောက်မှာအ

ထက်တန်းပြ ဆရာမ ဖြစ်ပြီး မုတ္တမ ထကျောင်းတွင် ဆရာ မလုပ်သည်ဟု သိရသည်။ကျောင်းများပြန်

ဖွင့် တော့ မည်ဖြစ်သောကြောင့်  မိသားစုလိုက် လိုက်ပို့ ရင်း ဘုရားထွက်လာကျသည်ဟု သူ့ အားပြောပြ

သည်။

သူ့ အကြောင်းကို တော့  မမေးကျလို့ ပင် ကျေးဇူးတင်နေမိသည်။ကျိုက်ထို ဘူတာရောက်တော့  ကျိုက်ထီး

ရိုးဘုရားဖူးရန် သူ တို့မိသားစု ဆင်းသွားကြသည်။ဘာပဲပြောပြော သူ့ ထမင်းကျေးဇူးရှင်များမို့  ကျေးဇူး

တင်နေမိသည်။ အတန်ငယ်ကြာသော် သူအိပ်ပျော်သွားခဲ့ သည်။ အချိန်တော်တော် ကြာသော် ဆူညံသံများကြောင့် 

သူ လန့် နိုးမိသည်။ဘေးက ကျောင်းဆရာမလေးများအုပ်စု၏ရယ်မော သံကြောင့် 

သူဆက်မအိပ်နိုင်တော့ ။သူ့ တို့  ကျောင်းတုန်းက အကြောင်းအရာများကို ပြန်ပြောပြီး၇ယ်မောနေကျခြင်း

ဖြစ်သည်။မဆီမဆိုင် ဆရာအောင်သင်းရဲ့ စကားတချို့ ကို ပြန်ကြားယောင်မိသည်။

"မိန်းမဆိုသည်မှာ အုပ်စုသာဖွဲ့ ပေးပါက စကားကို ဖောင်ဖွဲ အောင် ပြောတက်ကျသည်"ဟှု၍ပင်။

ကံဆိုးလျှင် မကောင်းသောကံသည် အဖော်ပါခေါ်လာသည်ကို သူ ယုံကြည်သွားမိသည်။ဇင်းကျိုက်ကို

ရောက် သည် အခါ ဘူတာမရောက်ခင် အလို တွင် အရက်မူသမားတယောက်ကို ရထားတိုက်သည်။ခရီး

မှာ လိုအပ်သည်ထက်ကြံ့ကြာနေတော့ သည်။သည်အမှု့ တွဲတွေ ဖြေရှင်းနေသည်နှင့်  တပ်ကို ရောက်မှာ

မဟုတ်တော့ ။သူတော်တော်လေးစိတ်ညစ် သွားမိသည်။ပိုက်ဆံ (၂၀၀၀)လောက်ရှိလျှင်ပင် ဟိုင်းလတ်

ငှားသွားရုံဖြင့် သူ့ တပ်ကို ရောက်တော့ မည်။ဒုက္ခ ဆိုသည်မှာ နောင်တချိန် ကြုံမည့်ဟာသဟုဆိုသော်လည်း

သူ့ မရယ်နိုင်တော့ ။နှစ်ဆန်း(၁)ရက်မို့  ဒီဒေသ မှာရေပက်ကျသေးသည်။နောက်ဆုံးရက်မို့  ရိုးအိုးတွင်

တော့ စည်ပေလိမ့် ဦးမည်။

စစ်မေးမြန်းနေသည်မို့ ရထားမှာ မထွက်နိုင်သေး။ရောင်ချာချာဖြင့်  အောက်ဆင်းနေမိသည်။ထို အချိန်

ကျောင်းဆရာမလေးအုပ်စုထဲ မှ ဆရာမတယောက်မှ သူ့ အားမုန့် လာကျွေးသည်။သူ့ တော်တော် အံအား

သင့် နေမိသည်။

"ရတယ်ညီမ ကိုစားပြီးပြီးဟု သူကပြောတော့  ........

အကို ရယ်မညာပါနဲ့  ညီမသိပါတယ်။

အကို ဗိုက်ဆာနေမှာပါ "ဟုဆိုကာအတင်းကျွေးသည်။

နောက်မှသိရသည်က မော်လမြိုင်သို့  အလည်လာကြ

သည်ဟု သိရပြီး သီရိမွန်ဖြစ်ကြောင်းသူမ က မိတ်ဆက်သည်။

နောက်တော့ မရှက်နိုင်တော့ ။ညီမအစ်ကို ကို ခင်ရင် ပိုက်ဆံချေးပါလားဟုပြော၇သည်။သူ့ တပ်က

မော်လမြိုင်ကဖြစ်ကြောင်းနှင့် ဒီနေ့ အရောက်ပြန်ရမည်ဖြစ်သောကြောင့်  သူမဆီကအကူအညီတောင်း၇

သည်။မတက်နိုင်ပါ။သူ့ ပုံစံကယုံနိုင်စရာမရှိ။သူမဆီမှ စာရွက်ဘောပင်ငှားကာ သူ့ လိပ်စာနှင့်ဖုန်းနံ

ပါတ်ပေးတော့  သူမယုံသွားဟန်ရှိသည်။နောက်သူမ ကျေးဇူကြောင့် ပင် သူတပ်ကို ညနေ (၆)နာ၇ီပြန်

ရောက်ခဲ့ သည်။နောက်နေ့ ရောက်တော့  နည်းပညာတက္ကသိုလ်ဖွင့် ပွဲတွင် သူ့ တပ်မှ လုံခြုံရေးယူပေးရ

သည်.။ညနေပိုင်း တောင်ပေါ်တန်း ဘုရားလုံခြုံရေး ယူရတော့ ရထားပေါ်ကအုပ်စုနှင် ပြန်တွေ့ သည်။

သူ့ ကို တော့  မှတ်မိဟန်မရှိ။ ညီမလေး သီရိမွန်ကို ပိုက်ဆံပြန်ပေးဖို့  တွေ့ တော့ သူမ အတော်လေးအံ့

သြနေသည်။သူအခက်အခဲတွေ့ နေချိန် ကူညီပေးခဲ့ သော သူမကို အရမ်းကို ကျေးဇူးတင်နေမိသည်။

(အကြောင်းအမျိုးမျိုးကြောင့်  ဒီပိုစ်လေးကို ညီမလေးသီရိမွန် ဖတ်မိတယ်ဆိုရင် ဒီနေရာမှ ကျွန်တော်

ကျေးဇူးတင်ပါကြောင်းထပ်လောင်း၍ ပြောကြားပါရစေ)

တပ်မှာ လစာထုတ်ပြိး(၂)ရက်ကြာတော့ သူ စစ်တက္ကသိုလ်မှ ဘာသာစကားတက်ရန်ခေါ်စာရသည်။တပ်

မှ သူငယ်ချင်းနောက်တယောက်ဖြင့်  နှစ်ယောက်သား ပြင်ဦးလွင်သို့ တက်လာခဲ့ သည်။အကြောင်းအမျိုး

မျိုးကြောင့် သူငယ်ချင်းမှာ ပညာတော်သင်သို့ လိုက်ပါခွင့် မရခဲ့ ။ဝမ်းနည်းယုံမှလွဲ၍ မည်သို့ မှမတက်နိုင်။

စစ်မြေပြင် မဟုတ်တောင်ရုံးဌာနများတွင် စီမံမှု့ ၊ခေါင်းဆောင်မှု့ပေးချင်သော ကျွန်တော်ဝါသနာနှင် လက်

တွေ့ မှာ သွေဖယ်နေခဲ့ သည်။သို့ သော် စစ်သားဆိုသည်မှာ ပေးအပ်သောတာဝန်ကို ကျေပွန်အောင်လုပ်

ဖို့ သာအဓိကဖြစ်သည်။ေ၇ာက်နေသောလက်ရှိနေရာတွင်တိုင်းပြည်အတွက်အုပ်တချပ်ဖြစ်စေ၊သဲတပွင့် 

ဖြစ်စေအကောင်းဆုံးဖြစ်အောင်ကြိုးစားရင်း .......(မင်းသန့် )

(မှတ်ချက် ။ ။သတ်ပုံပြင်ပေးရုံမှအပ အားလုံးမှာ စာရေးသူ၏အာဘော်ဖြစ်ပါသည်။)

0 comments:

Related Posts Plugin for WordPress, Blogger...